Skip to main content

ကနေဒါနိုင်ငံသည် ၎င်း၏ ပင်လယ်ရေကြောင်း ဉီးဆောင်မှုကို သင်္ဘောသားများ လူမှုဖူလုံရေး ဘုတ်အဖွဲ့ အသစ်နှင့်အတူ ဆက်လက်ဆောင်ရွက် - ITF

news

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (The International Transport Workers Federation) သည် ကနေဒါနိုင်ငံ၏ ဗဟိုအစိုးရနှင့် ပင်လယ်ရေကြောင်း လုပ်ငန်းကဏ္ဍတို့အား သင်္ဘောသားများ၏ ဘဝကို တိုးမြှင့်အောင်လုပ်ပေးရန်အတွက် နိုင်ငံ၏ ပထမဉီးဆုံး သင်္ဘောသားများ လူမှုဖူလုံရေး ဘုတ်အဖွဲ့ (Seafarers Welfare Board) ထူထောင်ခြင်းနှင့်ပတ်သက်၍ ၎င်း၏ ပူးပေါင်းဆောင်ရွက်သော ဉီးဆောင်မှု ဆက်လက်ဆောင်ရွက်ပေးခြင်းကို ချီးကြူးဂုဏ်ပြုပါသည်။

ဘုတ်အဖွဲ့ကို ဆောင်ကျဉ်ပေးသည်မှာ ပင်လယ်ရေကြောင်း အလုပ်သမား စာချုပ် လက်မှတ်ထိုးထားသူအဖြစ် ကနေဒါနိုင်ငံ တာဝန်များ၏ အစိတ်အပိုင်းဖြစ်ပါသည်။

ကနေဒါနိုင်ငံ အစိုးရက ပြောကြားခဲ့သည်မှာ  ဘုတ်အဖွဲ့ အသစ်သည် ကနေဒါနိုင်ငံရှိ သင်္ဘောသား လူမှုဖူလုံရေးအား ညှိနှိုင်းဆောင်ရွက်ပေးရေးအတွက် ဟစ်တိုင်တစ်ခုအဖြစ် ဆောင်ရွက်ပါမည်။ ၎င်းသည် ပင်လယ်ရေကြောင်း အလုပ်သမားများအနေဖြင့် အပန်းဖြေရေးဆိုင်ရာ၊ ယဉ်ကျေးမှုဆိုင်ရာနှင့် ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုများကို ရယူရန် အပြင် ကမ်းခြေ-ကိုအခြေပြုသော လူမှုဖူလုံရေး ပံ့ပိုးမှုများကိုလည်း ရရှိစေရန် တိုးမြှင့်ပေးပါလိမ့်မည်။  ဘုတ်အဖွဲ့သည် အစိုးရအား မူဝါဒနှင့် စည်းမျဉ်းကြီးကြပ်ရေးကိုလည်း အကြံပြုပါလိမ့်မည်၊ ကမ်းတက်ရန် နားရက်ခွင့်နှင့် သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးများကဲ့သို့ဖြစ်ပါသည်။

ဘုတ်အဖွဲ့တွင် အလုပ်သမားများနှင့် လုပ်ငန်းကဏ္ဍမှ ကိုယ်စားလှယ်များ ပါရှိသည်၊ ကနေဒါနိုင်ငံရှိ နိုင်ငံခြား သင်္ဘောပိုင်ရှင်များကို ကိုယ်စားပြုသော သင်္ဘောပိုင်ရှင်များ၊ ဆိပ်ခံတံတားများ၊ ဆိပ်ကမ်းများ၊ နှင့် ကိုယ်စားလှယ်များ အပါအဝင်ဖြစ်သည်။ အလုပ်သမားများကို ကနေဒါနိုင်ငံ အခြေစိုက်- ITF စိစစ်ရေးမှူးများ (Canadian-based ITF Inspectors) နှင့် ITF အဖွဲ့ဝင်များ၊  ILWU, ILA, CMSG, SIU Canada နှင့် BCFMWU တို့ဖြစ်သည့် လေးခုလုံးမှ ကိုယ်စားပြုထားပါသည်။

ကနေဒါနိုင်ငံအတွက် ITF ညှိနှိုင်းရေးအရာရှိဖြစ်သူ Peter Lahay ကို ဘုတ်အဖွဲ့ အသစ်၏ အဖွင့် ဒုတိယ ဥက္ကဌ  အဖြစ် ခန့်အပ်ပါသည်။ သူသည် အဖွဲ့အစည်း တည်ထောင်သည့် ဒုတိယ-ဥက္ကဌဖြစ်ရသည်ကို အလွန် ဂုဏ်ယူ ခဲ့သည်ဟု ပြောကြားခဲ့ပါသည်။

ကနေဒါနိုင်ငံအတွက် ITF ညှိနှိုင်းရေးအရာရှိဖြစ်သူ Peter Lahay ကို ကနေဒါနိုင်ငံ သင်္ဘောသားများ လူမှုဖူလုံရေး ဘုတ်အဖွဲ့ အသစ်၏ အဖွင့် ဒုတိယ ဥက္ကဌ  အဖြစ် ခန့်အပ်ပါသည်။

 သင်္ဘောသားများသည် ဆိုးရွားသည့် ရောဂါကပ်ဘေးကြီး အတိဒုက္ခတွင် ချောင်ပိတ်မိခံနေရသည့် မရှိမဖြစ် လိုအပ်သော အလုပ်သမားများဖြစ်ကြသည်။ ကျွန်ုပ်တို့ ကူညီပေးနိုင်သည့် အရာတိုင်းကို ကျွန်ုပ်တို့ လုပ်ရန်ဖြစ်ပါသည်။

 သင်္ဘောသားများ၏ လူမှုဖူလုံရေးကို တိုးမြှင့်ပေးစေရန် ရည်စူးထားသည့် သယ်ယူပို့ဆောင်ရေး ကနေဒါ (Transport Canada) က ထောက်ခံသည့် နိုင်ငံလုံးဆိုင်ရာ ဘက်စုံ ပါဝင်ပတ်သက်သူများ ဟစ်တိုင်တစ်ရပ် ရှိခြင်းသည်  ကျွန်ုပ်တို့၏ လုပ်ငန်းကဏ္ဍ၊ ကျွန်ုပ်တို့၏ အစိုးရ၊ အားလုံးက အရေးစိုက်ရသည့် ကျွန်ုပ် နေ့စဉ် အပြန်အလှန် ဆက်ဆံနေရသည့် သင်္ဘောသားများအား ရှင်းလင်းပြီး အပြုသဘောဆောင်သည့် အရိပ်လက္ခဏာများ ပို့ပေးရာရောက်ပါသည်။

 ဤရောဂါကပ်ဘေးကြီး စတင်ခဲ့သည့်အခါ အပတ်များနှင့် လများမှစ၍ သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေး အကျပ်အတည်းကို တွန်းလှန်ရန်နှင့် သင်္ဘောသားများနှင့် ၎င်းတို့၏ သမဂ္ဂများ ဆယ်စုနှစ်ကျော်ကျော် အောင်မြင်ခဲ့သည့် အရေးကြီးသော အခွင့်အရေးများနှင့် အခြေအနေများကို ကာကွယ်ပေးရန် ကျွန်ုပ်တို့ လုပ်နိုင်သည့်အရာကို ကနေဒါနိုင်ငံသည် ရှေ့တန်းမှနေ၍ လုပ်ကိုင်ပေးနေလျက်ရှိပါသည်၊ ဟု Lahay က ပြောကြားခဲ့သည်။

ကနေဒါနိုင်ငံ အနောက်ဘက်ကမ်းခြေတွင် ဆိုက်ကပ်ထားသော သင်္ဘောမှ သင်္ဘောဝန်ထမ်းအား တရုတ်သင်္ဘောသား သုံးယောက်က ပင်လယ်ပြင်တွင် လပေါင်းများစွာ ကြာခဲ့ပြီးနေက် ကနေဒါနိုင်ငံ ITF ထံမှ အကူအညီကြောင့် အိမ်အပြန် ခရီးစဉ် စတင်သဖြင့် လက်ဝှေ့ရမ်း နှုတ်ဆက်သည်။

ရောဂါကပ်ဘေးကြီးအတောအတွင်း သင်္ဘောသားများအတွက် ကနေဒါနိုင်ငံ၏ စောစောပိုင်းက ကြိုးစားဆောင်ရွက်ပေးမှုအပေါ် မူတည်၍ ဘုတ်အဖွဲ့ကို ထူထောင်သည်ဟု သူက ပြောကြားခဲ့သည်။

 ကနေဒါနိုင်ငံသည် အလွန့်အလွန် လိုအပ်နေသည့် သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးကို ဆောင်ရွက်ရန် ပိုမိုလွယ်ကူစေသည့် IMO ၏ သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေး လုပ်ထုံးလုပ်နည်းများကို လက်ခံအတည်ပြုသည့် ပထမဉီးဆုံး နိုင်ငံများအနက် တစ်နိုင်ငံဖြစ်ပါသည်။ ကျွန်ုပ်တို့၏ မေတ္တာရပ်ခံချက်ကြောင့် ကနေဒါနိုင်ငံ အစိုးရသည် အကယ်၍ သင်္ဘောသားများမှာ သင်္ဘောသို့ အသွားအပြန်လုပ်ရန်လိုလျှင် နိုင်ငံအများစုမှ သင်္ဘောသားများအတွက် ဗီဇာနှင့် ထိတွေ့မှုမရှိသည့် သီးခြားနေခြင်းဆိုင်ရာ သတ်မှတ်ချက်များကို ဖယ်ရှားပေးခဲ့ပါသည်၊ ဟု Lahay က ပြောကြားခဲ့သည်။

ဗီဇာလိုအပ်နေသေးသည့် နိုင်ငံများမှ သင်္ဘောသားများသည် အွန်လိုင်းမှ လျှောက်ထားနိုင်ကြပြီး အတည်ပြုချက်ကို အီးမေးလ်ဖြင့် လက်ခံရရှိကြပါသည်။

ON THE GROUND

news

Gabon နှင့် Eswatini နိုင်ငံတို့ကို သင်္ဘောအလံငှါးများအဖြစ် စာရင်းသွင်း

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers' Federation (ITF)) သည် နိုင်ငံသစ် နှစ်နိုင်ငံကို ၎င်း၏ရှည်လျားလှသော သင်္ဘောအလံငှါးများ စာရင်းတွင်
news Press Release

သင်္ဘောနိုင်ငံ၏ ညစ်ပတ်ယုတ်ညံ့သော စီးပွားရေးကြောင့် သင်္ဘောသားများ အနစ်နာခံကြရ

ပင်လယ်နီ၌ ဖြစ်ပွားသောဖြစ်ရပ်များက ‘ အလံငှါး သင်္ဘော ’ ပိုမိုတိုးပွားလာမှုအား အခွင့်သာပေးနေသည့် အန္တရာယ်ကို ပြသလျက်ရှိသည်။ Jacqueline Smith , အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ
news

သြစတြေးလျနိုင်ငံ နည်းဗျူဟာကျသော သင်္ဘောအုပ်စုသည် သင်္ဘောလုပ်ငန်းအား ကျောထောက်နောက်ခံပြုမည်

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers' Federation (ITF)) သည် အဲလ်ဘနစီ အစိုးရ၏ တတိယအကြိမ် နိုင်ငံ့ ရသုံးခန့်မှန်းခြေ ငွေစာရင်းတွင်