Skip to main content

ITF စစ်ဆေးရေးအရာရှိ ကျွန်ပြုမှု တိုက်ဖျက်ရေး ပွဲလမ်းကို တက်ရောက်

news

ITF စစ်ဆေးရေးအရာရှိ (လီဗာပူးလ်၊ အင်္ဂလန်အနောက်မြောက်ပိုင်း နှင့် ဝေးလ်စ်) ဖြစ်သူ Tommy Molloy သည် လီဗာပူးလ်၊ ယူနိုက်တစ်ကင်ဒန်တွင် ခေတ်သစ် ကျွန်ပြုမှု တိုက်ဖျက်ရေး ပွဲလမ်း၌ ပါဝင်ဆင်နွဲခဲ့ပါသည်။ 

မာစီစိုက် ရေကြောင်းနှင့် အပြည်ပြည်ဆိုင်ရာ ကျွန်ပြုရေး ပြတိုက် (Merseyside Maritime and International Slavery Museum) ၌ ယူနိုက်တစ်ကင်ဒန် နယ်စပ်တပ်ဖွဲ့ (UK Border Force) မှ ကြီးမှူးကျင်းပသော နှစ်ရက်တာ ပွဲလမ်းသည် တစ်နိုင်ငံလုံးဆိုင်ရာ ကျွန်ပြုမှု တိုက်ဖျက်ရေးကို အထိမ်းအမှတ်ပြုခဲ့ပြီး ၎င်းပွဲလမ်းတွင် ခေတ်သစ် ကျွန်ပြုမှု ခံရသူများ၊ ကုသိုလ်ဖြစ်ဒါနပြုသော အဖွဲ့အစည်းများနှင့် အစိုးရ-မဟုတ်သော အဖွဲ့အစည်းများမှ ဟောပြောခဲ့သည်၊ ITF မှလည်း ဟောပြောခဲ့ပါသည်။ 

Mr Molloy သည် သူ၏အလုပ်နှင့်ပတ်သက်၍ ဟောပြောခဲ့သည်၊ အများပြည်သူများထံမှ မေးခွန်းများကို ဖြေဆိုခဲ့ပြီး သူ၏ အချို့သော စစ်ဆေးမှု အတောအတွင်း ရိုက်ကူးခဲ့သည့် ဓါတ်ပုံများကို ခင်းကျင်းပြသခဲ့ပါသည်။

Mr Molloy က ပြောကြားခဲ့သည်မှာ- "ခေတ်သစ် ကျွန်ပြုမှု ခံရသူများအကြောင်း ပိုမို၍ကျယ်ကျယ်ပြန့်ပြန့် သိရှိနေသည့်တိုင် သင်္ဘောသားများအား ခေါင်းပုံဖြတ်မှုမှာ အများပြည်သူများထံမှ အကြီးအကျယ် ဖုံးကွယ်လျက်ပင် ရှိနေသေးသည်။ ထို့ကြောင့် ကျွန်ုပ်တို့ တွေ့ရှိသည့်အခါ နယ်စပ်တပ်ဖွဲ့နှင့် အခြားသော အေဂျင်စီများအတူ ၎င်းကို ဖော်ထုတ်၊ ဖွင့်လှစ်ပြသပြီး အကာအကွယ်ပေးရန်အတွက် နီးနီးကပ်ကပ် လုပ်ကိုင်ရန်မှာ ကျွန်ုပ်တို့၏ အခန်းကဏ္ဍဖြစ်သည်။  ဤကဲ့သို့သော ပွဲလမ်းများသည် ခေတ်သစ် ပင်လယ်ရေကြောင်း၏ မှောင်မိုက်သောအခြမ်းဖက်ရှိအရာကို မီးမောင်းထိုးပြရန် ကျွန်ုပ်တို့အား အထောက်အကူပြုပါသည်။"

ON THE GROUND

news

Gabon နှင့် Eswatini နိုင်ငံတို့ကို သင်္ဘောအလံငှါးများအဖြစ် စာရင်းသွင်း

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers' Federation (ITF)) သည် နိုင်ငံသစ် နှစ်နိုင်ငံကို ၎င်း၏ရှည်လျားလှသော သင်္ဘောအလံငှါးများ စာရင်းတွင်
news Press Release

သင်္ဘောနိုင်ငံ၏ ညစ်ပတ်ယုတ်ညံ့သော စီးပွားရေးကြောင့် သင်္ဘောသားများ အနစ်နာခံကြရ

ပင်လယ်နီ၌ ဖြစ်ပွားသောဖြစ်ရပ်များက ‘ အလံငှါး သင်္ဘော ’ ပိုမိုတိုးပွားလာမှုအား အခွင့်သာပေးနေသည့် အန္တရာယ်ကို ပြသလျက်ရှိသည်။ Jacqueline Smith , အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ
news

သြစတြေးလျနိုင်ငံ နည်းဗျူဟာကျသော သင်္ဘောအုပ်စုသည် သင်္ဘောလုပ်ငန်းအား ကျောထောက်နောက်ခံပြုမည်

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers' Federation (ITF)) သည် အဲလ်ဘနစီ အစိုးရ၏ တတိယအကြိမ် နိုင်ငံ့ ရသုံးခန့်မှန်းခြေ ငွေစာရင်းတွင်