Skip to main content

Esther Busser အထိမ်းအမှတ် ဆု

news 26 Feb 2020

နောက်ဆုံးသတင်း

ဗုဒ္ဓဟူးနေ့၊  ၂၀၂၀ ခုနှစ် ဧပြီလ ၁ ရက်၊ ကျင်းပပွဲစီစဥ်သူများထံမှ အမှာစာ- 

Esther Busser Memorial Prize ဆုအတွက် အဆိုပြုလွှာ ပေးပို့ခြင်းအတွက် အမြောက်အမြား ကျေးဇူးတင်ပါသည်။ ကံမကောင်းစွာဖြင့်၊ လက်ရှိ Covid-19 ကမ္ဘာအနှံ့ရောဂါပျံ့နှံ့မှုကြောင့် အစီအစဥ်များကို ပြောင်းပေးရန်နှင့် မျှော်မှန်းလို့ရမည့် အစီအစဥ်ကို ပြင်ဆင်ပေးရန် ကျွန်ုပ်တို့အပေါ် တွန်းအားပေးနေလျက်ရှိပါသည်။

ကျွန်ုပ်တို့၏ အဖွဲ့ကို ဖွဲ့စည်းရန် ဖြစ်နိုင်ခြေမရှိမှုနှင့် တစ်ဦးချင်းပုဂ္ဂိုလ်များနှင့်တကွ အဖွဲ့အစည်းများမှာ ယခုအခါ ခံစားနေရသည့် အလွန်အမင်း စိတ်အတင်းအကျပ်ဖြစ်မှုတို့ကြောင့် တင်သွင်းပေးရန် နောက်ဆုံးရက်နှင့်တကွ ပွဲလမ်းအားကျင်းပရန်နေ့ရက်ကိုလည်း နှစ်ခုလုံးအား ရွှေ့ဆိုင်းလိုက်ရန်မှာ သာနာမျှတမည်သာဖြစ်ကြောင်း ကျွန်ုပ်တို့ ခံယူပါသည်။

ထို့ကြောင့် အဆိုပြုလွှာများအတွက် တင်သွင်းရန် နောက်ဆုံးနေ့အသစ်မှာ ၂၀၂၀ ခုနှစ် ဇွန်လ ၃၀ ရက်နေ့ကို သတ်မှတ်လိုက်ပါသည်။

ဆုပေးပွဲ ကျင်းပမည့် နေ့ရက်အသစ်ကို နောင်လာမည့်အဆင့်တွင် (အဖြစ်နိုင်ဆုံး ၂၀၂၀ ခုနှစ် ဒုတိယ နှစ်လယ်ပိုင်းခန့်) အကြောင်းကြားပေးပါမည်။

------

 

Global South ဒေသ၌ လူမှုရေးဆိုင်ရာ တရားမျှတမှုနှင့် သိက္ခာရှိသော အလုပ်ကို တိုးမြှင့်လုပ်ကိုင်ရန် အလွန်ထူးထူးခြားခြားလုပ်ခဲ့သူ တစ်စုံတစ်ယောက်ကို သင် သိပါသလား။

ကျွန်ုပ်တို့သည် Esther Busser အထိမ်းအမှတ် ဆုအတွက် အဆိုပြုချက်များကို ရှာဖွေနေပါသည်။  မည်သို့တင်သွင်းရမည့် အသေးစိတ်ကို အောက်တွင် ဖော်ပြထားသည်။ 

Esther Busser သည် ITF ၏ အစစ်အမှန် မိတ်ဆွေတစ်ဦး ဖြစ်သည့်အပြင် ယေဘုယျအားဖြင့် အလုပ်လုပ်လူတန်းစားဖြစ်ပါသည်။ သူမသည် ကင်ဆာရောဂါဖြင့် အချိန်အချို့ နေထိုင်ပြီးနောက် ၂၀၁၉ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင် အသက် ၄၈ နှစ် အလွန်ငယ်ရွယ်ချိန်၌ သေဆုံးခဲ့ပါသည်။ 

အလုပ်ကမ္ဘာ၌ Esther ၏ အောင်မြင်မှုများမှာ အထင်ကြီးလောက်ပါသည်။ ဤကိစ္စကို အသိအမှတ်ပြုရာ၌ မကြာသေးမီကလုပ်ခဲ့သည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် (International Labour Organization (ILO) ‘Guidelines on the promotion of decent work and road safety in the transport sector’) ၏ ‘သယ်ယူပို့ဆောင်ရေး လုပ်ငန်းကဏ္ဍ၌ သိက္ခာရှိသော အလုပ်နှင့် လမ်း ဘေးကင်းလုံခြုံရေး တိုးမြှင့်လုပ်ဆောင်ရေးနှင့်ပတ်သက်သည့် လမ်းညွှန်များ’ မှာ သူမအား ရည်ဆူးခဲ့ပါသည်။

သို့သော်ငြားလည်း၊ Esther က ဝမ်းနည်းကြောင်း ဖော်ထုတ်ခဲ့သည်မှာ လူမှုရေးဆိုင်ရာ တရားမျှတမှုနှင့် သိက္ခာရှိသောအလုပ် တိုးတက်လာမှုအတွက် အများစုသောကမ္ဘာ၌ ပို၍များများ လုပ်ရန် ကျန်နေသေးကြောင်း ဖြစ်ပါသည်။

Esther Busser အထိမ်းအမှတ် ဆုကို အားလုံးအတွက် ပိုမိုကောင်းမွန်သော ကမ္ဘာကြီးဖြစ်လာစေရန် သူမ၏ ခရီးစဥ်တွင် ပိုမိုများပြားသည့် ခြေလှမ်းများကို ထည့်သွင်းပေးရန်အတွက် ဖန်တီးခဲ့ပါသည်။

မည်သို့ အဆိုပြုမည်

လူမှုရေးဆိုင်ရာ တရားမျှတမှုနှင့် သိက္ခရှိသော အလုပ်အတွက် တိုက်ပွဲဝင်လျက်ရှိသည့် Global South ဒေသရှိ ပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် အဖွဲ့အစည်းတစ်ခုကို မည်သူကမဆို သို့မဟုတ် မည်သည့်အုပ်စုကမဆို အဆိုပြုနိုင်ပါသည်။ ပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများသည် မိမိတို့ကိုယ်တိုင်ကိုလည်း အဆိုပြုနိုင်ပါသည်။

Esther ၏ ယခင် ယောင်းရင်းများနှင့်မိတ်ဆွေများဖြင့်ဖွဲ့စည်းထားသည့် သီးခြားလွတ်လပ်သော အဖွဲ့ဝင်သုံးဦးပါ- သမာဓိလူကြီးအဖွဲ့က အဆိုပြုချက်များကို အောက်ပါ သတ်မှတ်ချက်များအပေါ် အခြေခံ၍ စိစစ်ပါမည်။ အဆိုပြုခံရသူသည်-

  • Global South ဒေသမှဖြစ်သည်
  • လူမှုရေးဆိုင်ရာ တရားမျှတရေးနှင့် သိက္ခာရှိသောအလုပ်အတွက် ခိုင်လုံသော တိုးတက်မှုများကို လုပ်သည်
  • သူတို့အောင်မြင်မှုများကို စာဖြင့်ရေးသားထားသည့် (အင်္ဂလိပ်၊ ပြင်သစ် သို့မဟုတ် စပိန်ဘာသာစကားဖြင့် အများဆုံး စာလုံးရေ ၆၀၀) သက်သေအထောက်အထားကို တင်ပြသည် (သို့မဟုတ် သူတို့ကိုယ်စား အထောက်အထား တင်ပြခဲ့သည်)
  • သူတို့၏ ဘဝနှင့် အလုပ်၌ ခွင့်ပြုမည့်ဆုကြေးသည် မည်သို့ပြောင်းလဲမည်ကို သရုပ်ပြဖော်ဆောင်သည်

အဆိုပြုချက်များနှင့် ထောက်ခံသည့် အထောက်အထားအရာများကို EBmemorial@ilo.org မှ ၂၀၂၀ ခုနှစ် မတ်လ ၃၁ ရက်နေ့မတိုင်မီ လက်ခံရရှိရမည်ကို စဥ်းစားပါ။

Esther Busser အထိမ်းအမှတ် ဆု ဖွင့်ပွဲကို ၂၀၂၀ ခုနှစ် ဧပြီလ ၂၁ ရက်နေ့တွင် ကျင်းပပါမည် – Esther ၏ မွေးနေ့နှင့်နီးနီးကပ်ကပ် – ILO ၌ ဤအခန်းအနား အတောအတွင်း သူမ၏ မိသားစု၊ မိတ်ဆွေများနှင့် ယောင်းရင်းများအတွက် သူမ၏ ဘဝအခမ်းအနားကို ကျင်းပရန်ဖြစ်ပါသည်။

ကမ္ဘာတစ်ဝန်း သယ်ယူပို့ဆောင်ရေး အလုပ်သမားများအတွက် Esther လုပ်ခဲ့သည့် အလုပ်ကို အသိအမှတ်ပြုသောအနေဖြင့် ITF သည် ဆုကြေးအတွက် ငွေကြေးဆိုင်ရာ ပံ့ပိုးထည့်ဝင်ပေးခဲ့သည့် အဖွဲ့အစည်းများအနက် တစ်ခုဖြစ်ပါသည်။

Post new comment

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.

ON THE GROUND

news 23 May 2024

Gabon နှင့် Eswatini နိုင်ငံတို့ကို သင်္ဘောအလံငှါးများအဖြစ် စာရင်းသွင်း

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers' Federation (ITF)) သည် နိုင်ငံသစ် နှစ်နိုင်ငံကို ၎င်း၏ရှည်လျားလှသော သင်္ဘောအလံငှါးများ စာရင်းတွင်
news Press Release 21 May 2024

သင်္ဘောနိုင်ငံ၏ ညစ်ပတ်ယုတ်ညံ့သော စီးပွားရေးကြောင့် သင်္ဘောသားများ အနစ်နာခံကြရ

ပင်လယ်နီ၌ ဖြစ်ပွားသောဖြစ်ရပ်များက ‘ အလံငှါး သင်္ဘော ’ ပိုမိုတိုးပွားလာမှုအား အခွင့်သာပေးနေသည့် အန္တရာယ်ကို ပြသလျက်ရှိသည်။ Jacqueline Smith , အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ
news 16 May 2024

သြစတြေးလျနိုင်ငံ နည်းဗျူဟာကျသော သင်္ဘောအုပ်စုသည် သင်္ဘောလုပ်ငန်းအား ကျောထောက်နောက်ခံပြုမည်

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers' Federation (ITF)) သည် အဲလ်ဘနစီ အစိုးရ၏ တတိယအကြိမ် နိုင်ငံ့ ရသုံးခန့်မှန်းခြေ ငွေစာရင်းတွင်