Skip to main content

Diamond Princess သင်္ဘောအမှုထမ်း အိမ်ပြန်မည်

news 27 Feb 2020

ဂျပန်နိုင်ငံ ကမ်းလွန်၌ရှိသော Diamond Princess ကမ္ဘာလှည့်အပျော်စီး သင်္ဘောပေါ်မှ သင်္ဘောအမှုထမ်း ခုနှစ်ဆယ်သည် COVID-19 ဗိုင်းရတ်စ်ဖြင့် ကူးစက်ခံရသည်ဟု အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers’ Federation) က သတင်းပို့သည်။ ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားလူမျိုး အများဆုံးဖြစ်သည့် ကျန်ရှိနေသေးသော သင်္ဘောအမှုထမ်းများကို  လာမည့်နေ့ရက်များတွင် အိမ်ပြန်ပို့ရမည့် လုပ်ငန်းစဥ်ကို စတင်ရန်လုပ်မည်ဖြစ်သည်။

 ဤသို့အောင်မြင်မှုလမ်းစရရှိခြင်းမှာ ITF နှင့် FIT-CISL တို့က ကုမ္ပဏီနှင့် ဂျပန်အစိုးရတို့အပေါ် ဖိအားပေးမှုတို့ကြောင့် ဖြစ်သည်။  ITF-အသင်းဝင် အီတလီနိုင်ငံ သင်္ဘောသားများ သမဂ္ဂဖြစ်သော FIT-CISL သည် Diamond Princess သင်္ဘောပေါ်ရှိ အလုပ်အကိုင်လုပ်ခ စာချုပ်ကို ကိုင်တွယ်၍အတည်ဖြစ်စေခဲ့သည်။
 
ဤ ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့ နံနက်တွင် Diamond Princess သင်္ဘောသည် နိုင်ငံပေါင်း ၄၀ ကျော်မှ အားလုံးသော သင်္ဘောအမှုထမ်း ၁၀၀၄ ဦးတို့အား သင်္ဘောမှ ထွက်ခွါရန်အတွက် သဘောတူလိုက်ပါသည်။  
 
အိမ်ပြန်ပို့မည့်အစီအစဥ်လုပ်ထုံးလုပ်နည်းများနှင့်ပတ်သက်သော အသေးစိတ်ကို သင်္ဘောပေါ်ဆက်လက်နေရန် ရွေးချယ်သည့် သင်္ဘောအမှုထမ်းများအတွက် ရောဂါခြေချုပ်ဟုခေါ်သော သီးခြားခွဲခွာနေရန် (quarantine requirements) သတ်မှတ်ချက်များ အပါအဝင်တို့ကိုလည်း အတည်ပြုပေးပါမည်။  သင်္ဘောကို မောင်းနှင်ရန် အနည်းဆုံးလူအားကို မိမိသဘောအလျောက်လုပ်လိုသော အမှုထမ်းများဖြင့် အာမခံပါမည်။
 
“မိမိသဘောအလျောက် လုပ်လိုတဲ့ သင်္ဘောသား အဖွဲ့အသစ်ဟာ သင်္ဘောပေါ်တက်ဖို့ အဆင်သင့် ဖြစ်နေကြပါတယ်” ဟု ITF အီတလီနိုင်ငံ စိစစ်ရေးမှူးအဖွဲ့ တွဲဖက် ညှိနှိုင်းရေးအရာရှိ Francesco di Fiore က ပြောကြားခဲ့သည်။  “ရေယာဥ်မှူး အသစ်ဟာ Yokohama မှာ ရှိနေပြီဖြစ်ပြီး ညွှန်ကြားချက်များကို ဟော်တယ်ကနေ စောင့်နေပါတယ်”
 
ဗိုင်းရတ်စ်ပိုးမှာ သင်္ဘောပေါ်တွင် ပျံ့နှံ့နေပြီဖြစ်ကြောင်း ကျွမ်းကျင်သူများထံမှ စိုးရိမ်မှုများဖြစ်ပေါ်ပြီးနောက် ဤသို့ လှုပ်ရှုားမှု ထွက်ပေါ်လာသည်။   
 
“လုံခြုံစွာ မောင်းနှင်ပေးမဲ့ အုပ်စု သင်္ဘောပေါ် ရှိဖို့သာ လိုအပ်တဲ့အချိန်မှာ သင်္ဘောအမှုထမ်း အားလုံးကို သင်္ဘောပေါ် ဆက်လက်ထားရှိဖို့ အတင်းတောင်းဆိုတာဟာ မှားယွင်းမှု တစ်ခုဖြစ်ခဲ့တာပါ” ဟု di Fiore က ပြောခဲ့သည်။ “သို့သော်လည်း သင်္ဘောအမှုထမ်းများမှာ စိတ်ငြိမ်ငြိမ် ဆက်လက်ထားပြီးတော့ နေဖို့၊ သူတို့အလုပ်ကိုလုပ်ဖို့နှင့် အကြောင်းချင်းရာရဲ့ တစ်စိတ်တစ်ဒေသဖြစ်ဖို့ ဂုဏ်ယူကြပါတယ်”
 

ITF အထွေထွေ အတွင်းရေးမှူးဖြစ်သူ Steve Cotton က အသင်းဝင် သမဂ္ဂများကိုယ်စား ဂျပန် နိုင်ငံ မြေယာ၊ အခြေခံအဆောက်အအုံ၊ သယ်ယူပို့ဆောင်ရေးနှင့် ခရီးသွားလုပ်ငန်း ဝန်ကြီးဌာန၏ ပင်လယ်ရေကြောင်းဆိုင်ရာ ဗျူရိုအဖွဲ့ချုပ် (Maritime Bureau of the Ministry of Land, Infrastructure, Transport and Tourism of Japan) ညွှန်ကြားရေးမှူးချုပ်ထံ စာရေးခဲ့ပြီးတောင်းဆိုသည်မှာ ပို၍ပို၍ များများ ခရီးသည်များကို သင်္ဘောပေါ်မှ ထွက်ခွာခွင့်ပြုခဲ့သည့် အလျောက် သင်္ဘောအမှုထမ်းများကိုလည်း အိမ်ပြန်ပို့ရန် တောင်းဆိုကြောင်း ဖြစ်ပါသည်။
 
ITF နှင့် ၎င်း၏အသင်းဝင် ရုရှနိုင်ငံ သင်္ဘောသားများ သမဂ္ဂ (Seafarers’ Union of Russia (SUR)) သည်လည်း အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် (International Labour Organization) အား မိမိ၏ အဖွဲ့ဝင်နိုင်ငံများ နှင့်တကွ ကုမ္ပဏီတို့ကို ပင်လယ်ရေးကြောင်းဆိုင်ရာ အလုပ်သမား စာချုပ် ၂၀၀၆ (ILO Maritime Labour Convention 2006) အရ သင်္ဘောသားများ၏ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးအတွက် သူတို့၏ တာဝန်များကို သတိပေးရန် တောင်းဆိုစာများ ပေးပို့ခဲ့ပါသည်။

 

Post new comment

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.

ON THE GROUND

news 23 May 2024

Gabon နှင့် Eswatini နိုင်ငံတို့ကို သင်္ဘောအလံငှါးများအဖြစ် စာရင်းသွင်း

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers' Federation (ITF)) သည် နိုင်ငံသစ် နှစ်နိုင်ငံကို ၎င်း၏ရှည်လျားလှသော သင်္ဘောအလံငှါးများ စာရင်းတွင်
news Press Release 21 May 2024

သင်္ဘောနိုင်ငံ၏ ညစ်ပတ်ယုတ်ညံ့သော စီးပွားရေးကြောင့် သင်္ဘောသားများ အနစ်နာခံကြရ

ပင်လယ်နီ၌ ဖြစ်ပွားသောဖြစ်ရပ်များက ‘ အလံငှါး သင်္ဘော ’ ပိုမိုတိုးပွားလာမှုအား အခွင့်သာပေးနေသည့် အန္တရာယ်ကို ပြသလျက်ရှိသည်။ Jacqueline Smith , အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ
news 16 May 2024

သြစတြေးလျနိုင်ငံ နည်းဗျူဟာကျသော သင်္ဘောအုပ်စုသည် သင်္ဘောလုပ်ငန်းအား ကျောထောက်နောက်ခံပြုမည်

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers' Federation (ITF)) သည် အဲလ်ဘနစီ အစိုးရ၏ တတိယအကြိမ် နိုင်ငံ့ ရသုံးခန့်မှန်းခြေ ငွေစာရင်းတွင်