Skip to main content

အိန္ဒိယ သင်္ဘောသားများသည် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အရင်းခံ စည်းရုံးလှုံ့ဆော်ပွဲ၌ သစ်ပင်များကို စိုက်ပျိုးကြ

news

အိန္ဒိယနိုင်ငံ၏ တစ်နိုင်ငံလုံးဆိုင်ရာ သင်္ဘောသားများ သမဂ္ဂ (National Union of Seafarers of India (NUSI)) သည် သစ်ပင် ထောင်နှင့်ချီ၍ စိုက်ပျိုးပေးရန် စတင်တွန်းအားပေးလျက်ရှိသည်။

သြဂုတ်လနှင့်စက်တင်ဘာလအတွင်း သစ်ပင်စိုက်ပျိုးပေးကြရန် အားလုံးသော အရာရှိများ၊ အရာခံများနှင့် အရာရှိ မဟုတ်သူများအား မေတ္တာရပ်ခံခြင်းအားဖြင့် စတင်ခဲ့ပါသည်။  ဤသို့ဖြင့် သစ်ပင်အသစ် စုစုပေါင်း 7,000 စိုက်ပျိုးခဲ့သည်။

ငါးနှစ်ကာလအတွင်း NUSI သည် အိန္ဒိယနိုင်ငံတစ်ဝန်းတွင် သစ်ပင် 100,000 စိုက်ပျိုးပေးရန် ရည်ရွယ်ထားသည်။

NUSI အထွေထွေ အတွင်းရေးမှူးဖြစ်သူ Abdulgani Serang က ပြောကြားခဲ့သည်မှာ- ကျွန်ုပ်တို့ နိုင်ငံသည် အလွန့်အလွန်ပြင်းထန်သည့် လေထုညစ်ညမ်းမှုနှင့်တကွ ရေရှားပါးမှုများကို ကြုံတွေ့နေရပြီး ကျွန်ုပ်တို့အနေဖြင့် အရေးယူဆောင်ရွက်ရလိမ့်မည်။ သစ်ပင်များသည် သန့်ရှင်းသောလေ ရရာဇစ်မြစ်တစ်ခုဖြစ်ပြီး မြေအောက်ရေဇီလွှာကို ထိန်းသိမ်းပေးသည်၊ သို့သော် နေစဉ်နှင့်အမျှ သစ်ပင်များမှာ ဖြတ်လှဲခံရပြီး သစ်တောများမှာ ဖျက်ဆီးခံရသည်။

အိန္ဒိယနိုင်ငံ နေရာတိုင်းတွင် ပို၍ပို၍ များပြားသည့် သစ်ပင်များကို စိုက်ပျိုးပေးရန် အရေးပေါ် လိုအပ်ချက်တစ်ခု ဖြစ်နေပြီး အနာဂတ်မျိုးဆက်များအတွက် ပိုမိုကောင်းမွန်သော အိန္ဒိယနိုင်ငံ ဖြစ်ပေါ်လာစေရန်အတွက် ကျွန်ုပ်တို့ ပါဝင်လုပ်ဆောင်ရမည့်ကဏ္ဍကို ပါဝင်လုပ်ဆောင်ပေးရန် ကျွန်ုပ်တို့ တာဝန်ယူအာမခံပါသည်

Post new comment

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.

ON THE GROUND

news

Gabon နှင့် Eswatini နိုင်ငံတို့ကို သင်္ဘောအလံငှါးများအဖြစ် စာရင်းသွင်း

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers' Federation (ITF)) သည် နိုင်ငံသစ် နှစ်နိုင်ငံကို ၎င်း၏ရှည်လျားလှသော သင်္ဘောအလံငှါးများ စာရင်းတွင်
news Press Release

သင်္ဘောနိုင်ငံ၏ ညစ်ပတ်ယုတ်ညံ့သော စီးပွားရေးကြောင့် သင်္ဘောသားများ အနစ်နာခံကြရ

ပင်လယ်နီ၌ ဖြစ်ပွားသောဖြစ်ရပ်များက ‘ အလံငှါး သင်္ဘော ’ ပိုမိုတိုးပွားလာမှုအား အခွင့်သာပေးနေသည့် အန္တရာယ်ကို ပြသလျက်ရှိသည်။ Jacqueline Smith , အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ
news

သြစတြေးလျနိုင်ငံ နည်းဗျူဟာကျသော သင်္ဘောအုပ်စုသည် သင်္ဘောလုပ်ငန်းအား ကျောထောက်နောက်ခံပြုမည်

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers' Federation (ITF)) သည် အဲလ်ဘနစီ အစိုးရ၏ တတိယအကြိမ် နိုင်ငံ့ ရသုံးခန့်မှန်းခြေ ငွေစာရင်းတွင်