Skip to main content

သတ်မှတ်ချက်များနှင့် စည်းကမ်းချက်များကို ပိုမိုကောင်းမွန်စေရန် အဓိကကျသည့် သဘောစာချုပ်ကို သမဂ္ဂများ လက်မှတ်ရေးထိုးကြ။

news

နိုင်ဂျီးရီးယားနိုင်ငံရှိ ရေကြောင်းလုပ်သား ၈၀ဝ၀ ခန့်တို့သည် သမဂ္ဂအဖွဲ့ နှစ်ဖွဲ့ လက်မှတ်ရေးလိုက်သည့် အလုပ်ရှင်အလုပ်သမား လုပ်ခစည်းမျဉ်း သဘောတူစာချုပ် (CBA) အသစ်မှ အကျိုးကျေးဇူးခံစားရပါလိမ့်မည်။

နိုင်ဂျီးရီးယားနိုင်ငံ၏ နိုင်ဂျီးရီးယားကုန်သွယ်ရေးအရာရှိများနှင့် ရေကြောင်း သယ်ယူပို့ဆောင်ရေး ဝန်ထမ်းအသင်းနှင့် ရေကြောင်းလုပ်သားများသမဂ္ဂသည် အလုပ်ရှင်အလုပ်သမား လုပ်ခစည်းမျဉ်း သဘောတူစာချုပ် (CBA) ကို နိုင်ဂျီးရီးယားရေကြောင်းစီမံခန့်ခွဲရေးနှင့် လုံခြုံရေး အေဂျင်စီနှင့် လက်မှတ်ရေးထိုးချုပ်ဆိုကြသည်။

သမဂ္ဂများသည် ပိုမိုတိုးမြှင့်ကောင်းမွန်သော သတ်မှတ်ချက်များနှင့်စည်းကမ်းချက်များကို အကျိုးခံစားရမည်ဖြစ်သည့် ပင်လယ်ရေကြောင်းသင်္ဘောသားများ၊ ပြည်တွင်းရေကြောင်းလုပ်သားများနှင့် ငါးဖမ်းသူများကို ကိုယ်စားပြုပါသည်။

ထို့ပြင် သဘောတူစာချုပ်သည် သမဂ္ဂများအား နိုင်ဂျီးရီးယားနိုင်ငံတွင်း နှင့် အနီးတစ်ဝိုက် ကုန်ကူးသန်းနေသည့် ကုမ္မဏီများနှင့် အလုပ်ရှင်အလုပ်သမား လုပ်ခစည်းမျဉ်း သဘောတူစာချုပ်များ (CBAs) ကို ထပ်ဆင့်ချုပ်ဆိုစေရန် လမ်းဖွင့်ပေးမည်ဖြစ်ပြီး နိုင်ဂျီးရီးယားနိုင်ငံ သင်္ဘောဆိပ်များအကြား ကူးသန်းနေသည့် သင်္ဘောများပေါ်၌ နိုင်ဂျီးရီးယားနိုင်ငံသား သင်္ဘောသား အလုပ်လုပ်ကိုင်စေမည့် သတ်မှတ်ချက်ကို အာဏာသက်ရောက်စေသော အခွင့်အရေး ရှိမည်ဖြစ်ပါသည်။

ON THE GROUND

news

Gabon နှင့် Eswatini နိုင်ငံတို့ကို သင်္ဘောအလံငှါးများအဖြစ် စာရင်းသွင်း

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers' Federation (ITF)) သည် နိုင်ငံသစ် နှစ်နိုင်ငံကို ၎င်း၏ရှည်လျားလှသော သင်္ဘောအလံငှါးများ စာရင်းတွင်
news Press Release

သင်္ဘောနိုင်ငံ၏ ညစ်ပတ်ယုတ်ညံ့သော စီးပွားရေးကြောင့် သင်္ဘောသားများ အနစ်နာခံကြရ

ပင်လယ်နီ၌ ဖြစ်ပွားသောဖြစ်ရပ်များက ‘ အလံငှါး သင်္ဘော ’ ပိုမိုတိုးပွားလာမှုအား အခွင့်သာပေးနေသည့် အန္တရာယ်ကို ပြသလျက်ရှိသည်။ Jacqueline Smith , အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ
news

သြစတြေးလျနိုင်ငံ နည်းဗျူဟာကျသော သင်္ဘောအုပ်စုသည် သင်္ဘောလုပ်ငန်းအား ကျောထောက်နောက်ခံပြုမည်

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers' Federation (ITF)) သည် အဲလ်ဘနစီ အစိုးရ၏ တတိယအကြိမ် နိုင်ငံ့ ရသုံးခန့်မှန်းခြေ ငွေစာရင်းတွင်