Skip to main content

သင် လုပ်နိုင်လျှင် ကမ္ဘာကြီးကို စဥ်းစားကြည့်ပါ ...

news 25 Mar 2020

ကမ္ဘာ့ ၁.၆ သန်းသော သင်္ဘောသားများထံမှ အိတ်ဖွင့်ပေးစာ

သင်္ဘောသား တစ်ဦး၏ ဘဝ - ကမ္ဘာ့ကုန်သွယ်မှုကို ရှင်သန်ပေးနေသည့် “မမြင်နိုင်သည့်” အလုပ်သမားအင်အားစု။

ကမ္ဘာ့ကုန်စည်များ၏ ကိုးဆယ်ရာခိုင်နှုန်းကို ပင်လယ်ရေကြောင်းဖြင့် သယ်ယူပို့ဆောင်ပေးသည်။ မည်သည့်နေ့ရက်တွင်မဆို သန်းပေါင်း ၁.၆ သန်းကျော် သင်္ဘောသားများ ကမ္ဘာတစ်ဝန်း သင်္ဘော အစင်းရေ ၇၀ ၀၀၀ ပေါ်၌ အလုပ်လုပ်ကိုင် ပေးလျက်ရှိသည်။  ဤအမျိုးသားများနှင့် အမျိုးသမီးများသည် ကိုရိုနာဗိုင်းရတ်စ် ကမ္ဘာ့ရောဂါပျံ့နှံ့စဥ် လူမှုအသိုင်းအဝိုင်းအား တည်တံ့ပေးနေမည်ဖြစ်သည့်  စီးပွားလုပ်ငန်းများနှင့် လူများ၏ နေ့စဥ် ဘဝများ အတွက် မရှိမဖြစ်လိုအပ်သည့် ကုန်ပစ္စည်းများနှင့် ကုန်စည်များကို သယ်ယူပို့ဆောင်ပေးနေလျက်ရှိသည်။ 

သင်္ဘောများသည် ကုန်စည်များကို အရှေ့ဘက်အရပ်သို့၊ အနောက်ဘက်အရပ်သို့၊ မြောက်ဘက်အရပ်သို့နှင့် တောင်ဘက် အရပ်သို့ သယ်ယူပို့ဆောင်ပေးသည်အစားအစာနှင့်အိမ်သုံးပစ္စည်းများမှ ရေနံ၊ သံနှင့် သတ္တုရိုင်း၊ ဆေးရုံ ကိရိယာပစ္စည်းနှင့် အသက်ရှူစက်များကဲ့သို့  လုပ်ငန်းဆိုင်ရာ ကုန်ပစ္စည်းများအထိဖြစ်သော အရာရာတိုင်းကိုဖြစ်ပါသည်။

အိမ်မှ အဝေးတွင် ရှိနေသော်လည်း ဤတစ်ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်ကိစ္စ၏ ရှေ့တန်းမျက်နှာပြင်၌ရှိနေသော ဤသင်္ဘောများပေါ်ရှိ အလုပ်သမားများ၏ ဘဝနှင့် လူမှုဖူလုံရေးကို ကျွန်ုပ်တို့ သင့်အနေဖြင့် မိနစ်အနည်းငယ်အတွင်း စဥ်းစားပေးစေလိုသည်။

သင်္ဘောပေါ်တွင် အကန့်အသတ်ရှိသော နေရာအကျယ်အဝန်းဖြင့် ခြောက်၊ ရှစ် သို့မဟုတ် ၁၀ လ၊ တစ်နေ့ ၁၀-၁၂ နာရီ တစ်ပတ် ၇ ရက် အလုပ်လုပ်ရင်း နေနေရသည်ကို စဥ်းစားကြည့်ပါ။  တစ်ကြိမ်လျှင် လပေါင်းများစွာ သင့် မိသားစုနှင့် မိတ်ဆွေများထံမှ အဝေးသို့ရောက်နေခြင်း၊ ပင်လယ်ပြင် တစ်လွှား လွှင့်မျောခြင်း၊ တစ်ကမ္ဘာလုံးဆိုင်ရာ ကုန်စည်ဖြန့်ချီရေး ကွင်းဆက်များကို ဆက်စပ်ပေးခြင်း၊ လူများ သူတို့၏ နေ့စဥ် မရှိမဖြစ်သည့် ကုန်ပစ္စည်းများကို လက်ခံရယူကြောင်း သေချာစေရန် မမြင်မကန်းရှိနေခြင်းတို့ကို စဥ်းစားကြည့်ပါ။

သင်္ဘောပေါ်၌ အလုပ် ၁၀ လကျော်ပြီးဆုံးပြီးနောက် မမျှော်မှန်းနိုင်သည့် အချိန်ပမာဏအတွက် ဆက်လက်နေနေရမည်ကို ယခု စဥ်းစားကြည့်ပါ၊ အဘယ်ကြောင့်ဆိုသော် အစိုးရများသည် သင့်အား သူတို့၏နိုင်ငံမှ အိမ်ပြန်ရန်အတွက် ဖြတ်သန်းသွားခြင်းကို တားမြစ်နေသောကြောင့်ဖြစ်သည် သို့မဟုတ် သင်္ဘောသို့ အလုပ်လုပ်ရန်သွားရန်အတွက် ခွင့်ပြုခြင်းကို တားမြစ်နေသောကြောင့်ဖြစ်သည်။  သို့မဟုတ် ပိုဆိုးရွားသည်မှာ၊ ဆိပ်ကမ်းတစ်ခုတွင် ငွေမရှိဘဲ စွန့်ပစ်ခံထားရပြီးနောက် သင့်အလုပ်ရှင်က သင့် ရှာရငွေများကို သိမ်းယူထားကာ သင့်အား သင့်မိသားစုထံသို့ အိမ်ပြန်ပို့ခံရသည်ကို စဥ်းစားကြည့်ပါ။

အကယ်၍ သင်သည် သင်္ဘောသားတစ်ဦး ဖြစ်သည် မဟုတ်လျှင် စဥ်းစားရသည်မှာ မလွယ်ကူပါ။

Covid-19 ကပ်ဘေးကြီး အလယ်ခေါင်တွင် နိုင်ငံ့အစိုးရများမှ သူတို့၏ နိုင်ငံ အဝင်အထွက်ကို သွားလာမှု ကန့်သတ်ချက် သို့မဟုတ် လူများအပေါ် ကန့်သတ်ချက် ချမှတ်မှု အရေအတွက် တိုးမြင့်နေသောကြောင့် နေ့စဥ်နှင့်အမျှ ITF သည် သင်္ဘောသားများ သင်္ဘောများမှ ဘေးကင်းစွာ အလုပ်အတက် အလုပ်အဆင်း လုပ်ရန် လွတ်လပ်စွာ သွားလာ၍ မနိုင်သည့် ကိစ္စများနှင့် အခြေအနေများဖြင့် ရင်ဆိုင်ဖြေရှင်းပေးနေရပါသည်။

ဇောက်ထိုးဖြစ်နေသည့် အခြေအနေတစ်ရပ်မှာ မကြုံစဘူးသည့် ဤကပ်ဘေးကြီးကို မိမိတို့၏ နိုင်ငံသားများ ကျော်လွှားနိုင်စွမ်းအောင် အထောက်အကူပြုမည်ဖြစ်သည့် မရှိမဖြစ်လိုအပ်သည့် ကုန်ပစ္စည်းများအား ပင်လယ်ရေကြောင်းဖြင့် သယ်ယူပို့ဆောင်ပေးမှုအပေါ် မှီခိုနေပါသည်ဆိုသော အစိုးရများသည် သင်္ဘောသားများ အိမ်ပြန်ရန် အခွင့်အရေးများကို ငြင်းဆန်နေပြီး သင်္ဘောသား အပြောင်းအလဲလုပ်ရေးများကို ကန့်သတ်နေသည့် အတူတူဖြစ်သည့် အချို့သော အစိုးရများပင် ဖြစ်ကြပါသည်။

ဤသို့သော အလွန်ထူးခြားသည့် ကပ်ဘေးကြီးအတွင်း သင်္ဘောသားများ၏ အခရာကျသော အခန်းကဏ္ဍကို အသိအမှတ်ပြုပေးရန်နှင့် သူတို့အား သူတို့၏နိုင်ငံသားကို မသက်ဆိုင်စေဘဲ အဓိက အလုပ်သမားများအဖြစ် ဆက်ဆံပေးရန် ITF သည် တောင်းဆိုနေလျက်ရှိပါသည်။

ITF နှင့်တကွ ကျွန်ုပ်တို့၏ ပင်လယ်ရေကြောင်း အဖွဲ့ဝင်များသည် အစိုးရများ၊ နိုင်ငံရေးသမားများ၊ ဆိပ်ကမ်းနှင့် အလံငှါးနိုင်ငံ အာဏာပိုင်များ၊ အလုပ်ရှင်များနှင့် ယေဘုယျ စားသုံးသူများတို့အား မှတ်ထားရန် တိုက်တွန်းသည်မှာ ဤရောဂါကပ်ဘေးကြီးအား တုံ့ပြန်ရန်အတွက် ကျွန်ုပ်တို့၏ စွမ်းဆောင်ရည်သည် ကမ္ဘာ့ သင်္ဘောသားများ၏ ကုန်စည် သယ်ယူပို့ဆောင်ရေးအပေါ် အားထားရသည်ဖြစ်ပါသည်။ 

ဤသင်္ဘောသားများမှာ လူသားများလည်း ဖြစ်ကြသည်၊ သူတို့၏ ကျန်းမာရေးနှင့် ဘေးကင်းရေးသည် တစ်ဦးဦး တစ်ယောက်ယောက်၏ ကျန်းမာရေးနှင့်ဘေးကင်းရေး အရေးကြီးသကဲ့သို့ အရေးကြီးပါသည်။  ထို့ကြောင့် သူတို့၏ စွန့်လွှတ်မှုကို အသိအမှတ်ပြုရန် တစ်ချက်လောက် ကျေးဇူးပြု၍ အချိန်ယူပေးပြီး သူတို့အား သူတို့ ခံစားထိုက်သည့် လေးစားမှုနှင့် ဂုဏ်သိက္ခာဖြင့် ဆက်ဆံပေးရန် အားလုံးက သေချာပေးကြပါစို့၊ သို့မှသာ ကမ္ဘာကြီး ဆက်လက် လည်ပတ်နေစေရန် သူတို့၏ အခရာကျသော ဝန်ဆောင်မှုများကို သူတို့ ဆက်လက် လုပ်ပေးနိုင်မည်ဖြစ်ပါသည်။  

 

Post new comment

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.

ON THE GROUND

news 23 May 2024

Gabon နှင့် Eswatini နိုင်ငံတို့ကို သင်္ဘောအလံငှါးများအဖြစ် စာရင်းသွင်း

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers' Federation (ITF)) သည် နိုင်ငံသစ် နှစ်နိုင်ငံကို ၎င်း၏ရှည်လျားလှသော သင်္ဘောအလံငှါးများ စာရင်းတွင်
news Press Release 21 May 2024

သင်္ဘောနိုင်ငံ၏ ညစ်ပတ်ယုတ်ညံ့သော စီးပွားရေးကြောင့် သင်္ဘောသားများ အနစ်နာခံကြရ

ပင်လယ်နီ၌ ဖြစ်ပွားသောဖြစ်ရပ်များက ‘ အလံငှါး သင်္ဘော ’ ပိုမိုတိုးပွားလာမှုအား အခွင့်သာပေးနေသည့် အန္တရာယ်ကို ပြသလျက်ရှိသည်။ Jacqueline Smith , အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ
news 16 May 2024

သြစတြေးလျနိုင်ငံ နည်းဗျူဟာကျသော သင်္ဘောအုပ်စုသည် သင်္ဘောလုပ်ငန်းအား ကျောထောက်နောက်ခံပြုမည်

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers' Federation (ITF)) သည် အဲလ်ဘနစီ အစိုးရ၏ တတိယအကြိမ် နိုင်ငံ့ ရသုံးခန့်မှန်းခြေ ငွေစာရင်းတွင်