Skip to main content

ITF သည် San Marino ကို အလံငှါးနိုင်ငံ စာရင်းသွင်း

news Press Release 19 Dec 2023

မကြာသေးမီက ဆန်ဒီးရားဂိုးမြို့၌ ကျင်းပခဲ့သည့် ITF  မျှတသော လုပ်ကိုင်ပုံများ ကော်မတီ (ITF Fair Practices Committee) ၏ အစည်းအဝေးတွင် အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers' Federation (ITF)) သည် မိမိ၏ အလံငှါးနိုင်ငံ မှတ်ပုံတင်(Flag of Convenience (FOC) registries) စာရင်းတွင်  ပင်လယ်နှင့်နယ်နိမိတ်ချင်းဆက်စပ် မနေသည့် နိုင်ငံဖြစ်သည့် ဆန်မရင်နို (San Marino) ကိုဖြည့်စွက်ထည့်သွင်းလိုက်သည်။ ဆန်မရင်နို  (San Marino) သင်္ဘောမှတ်ပုံတင်ကို ၂၀၂၁ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာ သင်္ဘောပိုင်ရှင်များအတွက် တရားဝင် ဖွင့်လှစ်ပေးကာ ကုန်သွယ် သင်္ဘော ဆယ့်တစ်စီး အပါအဝင် သင်္ဘော ၁၄ စီးဖြင့် လက်ရှိ၌ မှတ်ပုံတင်ထားသည်။ ဤကုန်သွယ်သင်္ဘောများမှာ ဆန်မရင်နို (San Marino) နိုင်ငံ၌ ပိုင်ရှင် အကျိုးခံစားခွင့်သော်လည်းကောင်း သို့မဟုတ် မှတ်ပုံတင်ထားသည့် ပိုင်ရှင်သော်လည်းကောင်း အားနည်းချက်ရှိကြသည်။

အလံငှါး သင်္ဘောတစ်စီး ဆိုသည်မှာ မိမိ အမှန်တကယ် ပိုင်ဆိုင်သည်ထက်စာလျှင် နိုင်ငံတစ်နိုင်ငံ၏ အလံကို လွှင့်ထူထားသည့် သင်္ဘောတစ်စီးအဖြစ် တည်ရှိသည်ဟု ITF က အဓိပ္ပါယ်ဖွင့်ဆိုထားပါသည်။ ITF သင်္ဘောသားနှင့် ဆိပ်ကမ်းအလုပ်သမား သမဂ္ဂများဖြင့် ဖွဲ့စည်းထားသည့် မျှတသော လုပ်ကိုင်ပုံ ကော်မတီ (Fair Practices Committee) သည် ကမ္ဘာ့ ပဉ္စမမြောက် အငယ်ဆုံးနိုင်ငံဖြစ်သည့် ဆန်မရင်နို  (San Marino) ကို အလံငှါးနိုင်ငံ မှတ်ပုံတင် (FOC register) တွင် တရားဝင် ထည့်သွင်းလိုက်သည်။

ITF ၏ စိစစ်ရေးမှူးချုပ်ရုံး ညှိနှိုင်းရေးအရာရှိဖြစ်သူ Steve Trowsdale က ပြောကြားခဲ့သည်မှာ - "သင်္ဘောရဲ့ ပိုင်ရှင်အစစ်နဲ့ သင်္ဘောလွှင့်ထူထားတဲ့အလံ အကြားမှာ စစ်မှန်တဲ့ အချိတ်အဆက်တစ်ခု ရှိသင့်တယ်လို့ ITF အနေနဲ့ ယုံကြည်ပါတယ်။ မကြာခဏဆိုသလိုပါဘဲ ITF စိစစ်ရေးမှူးတွေဟာ FOC သင်္ဘောတွေပေါ်မှာ သင်္ဘောသားတွေကို မတရား ဆက်ဆံမှုတွေအတွက် အတင်းအကျပ် ဖြေရှင်းပေးခဲ့ရပါတယ်၊ နည်းပါးလှတဲ့ လုပ်ခတွေ၊ ညစ်ညမ်းနေတဲ့ အလုပ်လုပ်ကိုင်ရာအခြေအနေတွေ၊ အပြင် အခြေခံအားဖြင့် သောက်သုံးရေ နည်းပါးမှုတွေ အပါအဝင် ကိစ္စတွေဘဲ ဖြစ်ပါတယ်။ အလံငှါး သင်္ဘော FOCs ဟာ သင်္ဘောသားတွေကို ခေါင်းပုံဖြတ်ဖို့အတွက် လစ်ကွက်ဟာကွက် တွေကို မဖြစ်မနေ ဖန်တီးထားသလိုဖြစ်နေပါတယ်။"

အစည်းဝေးတစ်ခုတည်းတွင် မျှတသော လုပ်ကိုင်ပုံ ကော်မတီ  (Fair Practices Committee) သည် ကမ္ဘောဒီးယားနိုင်ငံအလံကို FOC မှတ်ပုံတင်မှ ဖယ်ရှားပစ်ရန် ဆုံးဖြတ်ခဲ့ပါသည်။ ဤဆုံးဖြတ်ချက်က ဆိုလိုသည်မှာ ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့မှစ၍ မည်သည့် ကုန်သွယ် သင်္ဘောမျှ ကမ္ဘောဒီယားအလံဖြင့် မှတ်ပုံတင်၍ မရနိုင်ပါ။

ITF ၏ စဥ်ဆက်မပြတ် အလံငှါးသင်္ဘော လှုံ့ဆော်မှုကြောင့် FOCs သင်္ဘောများနှင့် ဆက်စပ်သည့်ပြဿနာများကို ဖြေရှင်းရာ၌ အဖွဲ့အစည်း၏ စောက်ချတာဝန်ယူမှုကို ဤဖြစ်ပျက်ပြောင်းလဲမှုများက ရောင်ပြန်ဟတ်နေပါသည်။ ကမ္ဘာ့သင်္ဘောအုပ်စု ၅၀ ရာခိုင်နှုန်းကျော်မှာ အလံငှါး (FOC) နိုင်ငံများ၌ မှတ်ပုံတင်ထားသဖြင့်  အလံငှါးသင်္ဘောများ FOCs သည် ဆက်လက်၍ အလျင်အမြန် ပွားများနေသည်ကို သတိပြုသင့်ပါသည်။ အများဆုံး အလံငှါးသည့် နိုင်ငံများ—ပနားမား၊ လိုင်ဘေးရီးယား၊ နှင့် မာရှယ်ကျွန်းနိုင်ငံ —သုံးနိုင်ငံတည်းတွင် အပြည်ပြည်ဆိုင်ရာ သင်္ဘောအုပ်စု၏ ၄၀ ရာခိုင်နှုန်းကျော် ရှိပါသည်။ ITF ၏ အလံငှါးသင်္ဘော လှုံ့ဆော်မှုနှင့်ပတ်သက်၍ ပိုမိုသိရှိရန် ထပ်ဆင့် အသေးစိတ်အချက်ကို ဝက်ဘ်ဆိုက်တွင် တွေ့ရှိနိုင်သည် >>

ပြီးပြီ

မီဒီယာ အဆက်အသွယ်များ- ITF: media@itf.org.uk

ITF အကြောင်း- အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (The International Transport Workers’ Federation (ITF)) သည် ကမ္ဘာ့ဦးဆောင် သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖြစ် အသိအမှတ်ပြုခံရသည့် ဒီမိုကရေစီဆန်ဆန် အဖွဲ့ဝင်-ဦးဆောင်သည့် စုပေါင်းအဖွဲ့အစည်းတစ်ခုဖြစ်သည်။ ကျွန်ုပ်တို့သည် အလုပ်လုပ်ကိုင်ရာ ဘဝများကို ပိုမိုတက်တက်အောင်လုပ်ရန် ဇောက်ချ၍ တိုက်ပွဲဝင်ပါသည် - နိုင်ငံပေါင်း 150 နိုင်ငံမှ ကုန်သွယ် သမဂ္ဂများကို ၎င်းတို့၏ အဖွဲ့ဝင်များအတွက် အခွင့်အရေးများ၊ တန်းတူရှိမှုနှင့် တရားမျှတမှု ရရှိရေးအတွက် ဆက်စပ်ပေးထားခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည် ကမ္ဘာတစ်ဝန်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းကဏ္ဍရှိ အလုပ်လုပ်ကိုင်သည့် အမျိုးသမီး အမျိုးသားပေါင်း သန်း 20 နီးပါးအတွက် ပြောဆိုသံဖြစ်ပါသည်။

ON THE GROUND

news 23 May 2024

Gabon နှင့် Eswatini နိုင်ငံတို့ကို သင်္ဘောအလံငှါးများအဖြစ် စာရင်းသွင်း

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers' Federation (ITF)) သည် နိုင်ငံသစ် နှစ်နိုင်ငံကို ၎င်း၏ရှည်လျားလှသော သင်္ဘောအလံငှါးများ စာရင်းတွင်
news Press Release 21 May 2024

သင်္ဘောနိုင်ငံ၏ ညစ်ပတ်ယုတ်ညံ့သော စီးပွားရေးကြောင့် သင်္ဘောသားများ အနစ်နာခံကြရ

ပင်လယ်နီ၌ ဖြစ်ပွားသောဖြစ်ရပ်များက ‘ အလံငှါး သင်္ဘော ’ ပိုမိုတိုးပွားလာမှုအား အခွင့်သာပေးနေသည့် အန္တရာယ်ကို ပြသလျက်ရှိသည်။ Jacqueline Smith , အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ
news 16 May 2024

သြစတြေးလျနိုင်ငံ နည်းဗျူဟာကျသော သင်္ဘောအုပ်စုသည် သင်္ဘောလုပ်ငန်းအား ကျောထောက်နောက်ခံပြုမည်

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers' Federation (ITF)) သည် အဲလ်ဘနစီ အစိုးရ၏ တတိယအကြိမ် နိုင်ငံ့ ရသုံးခန့်မှန်းခြေ ငွေစာရင်းတွင်