Skip to main content

ITF သည် အလုပ်သမားများနှင့် ဘေးရုဒ် (Beirut) လူများနှင့်အတူ စည်းလုံးညီညွတ်စွာဖြင့် ရပ်တည်ပေး

news 06 Aug 2020

ဘေးရုဒ် ဆိပ်ကမ်း၌ ပေါက်ကွဲမှုဖြစ်ပွားသည့် သတင်းကို ကျွန်ုပ်တို့ ကြားသိရသည်မှာ ထပ်လှန့်ကြောက်မက်ဖွယ် ကောင်းပြီး စိတ်ပျက်ရသည်၊ အဆိုပါ ပေါက်ကွဲမှုကြီးမှာ မြို့အား ဖွတ်ဖွတ်ညက်ညက်ကြေစေခဲ့သည်၊ လူအနည်းဆုံး အယောက် ၁၀၀ သေစေခဲ့သည်၊ ထောင်ပေါင်းများစွာအား ထိခိုက်ဒဏ်ရာရစေခဲ့ပြီး လူ ထောင်ပေါင်း ရာနှင့်ချီ၍ အိုးမဲ့အိမ်မဲ့ဖြစ်စေခဲ့သည်။ ITF ရှိ ကျွန်ုပ်တို့သည် လက်ဘနွမ် (Lebanon) လူထုထံသို့ ကျွန်ုပ်တို့၏ အသည်းထက်ဆုံး ဝမ်းနည်းကျေကွဲကြောင်းနှင့် စည်းလုံးညီညွတ်ကြောင်း သဝဏ်လွှာကိုပို့သပါသည်။

ကျွန်ုပ်တို့သည် ဤကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲမှုကြောင့် ကျွန်ုပ်တို့၏ အဖွဲ့ဝင် အသင်းအဖွဲ့များ အပေါ်နှင့် လက်ဘနွန်ရှိ ၎င်းတို့၏ အသင်းဝင်လူများအပေါ် ထိခိုက်သည့်အတိုင်းအတာနှင့်ပတ်သက်၍ သတင်းအချက်အလက်များကို စုဆောင်းနေလျက်ရှိပါသည်။

ဝမ်းနည်းစွာဖြင့် ကျွန်ုပ်တို့အား သတင်းပို့ထားသည်မှာ ဆိပ်ကမ်းအလုပ်သမားများနှင့် သင်္ဘောသားများ အသက် ဆုံးရှုံးခဲ့ကြပြီး အလုပ်သမား အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဖြစ်ပါသည်။  လက်ဘနွမ် သင်္ဘောသား လုပ်ငန်းအသင်းစု (Lebanese Seamans Syndicate) ၏ ရုံးခန်း ပျက်စီးမှု အပါအဝင် ဆိပ်ကမ်း နယ်နိမိတ်အား ပြင်းပြင်းထန်ထန် ပျက်စီးခြင်းအားဖြင့် ကျွန်ုပ်တို့သည် သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိမှုမှာ တိုးမြှင့်နေမည်ဟု စိတ်မကောင်းစွာဖြင့် မျှော်လင့်ပါသည်။

ယနေ့တွင်၊ ITF ဥက္ကဌဖြစ်သူ Paddy Crumlin နှင့် ITF အထွေထွေ အတွင်းရေးမှူးဖြစ်သူ Stephen Cotton တို့က  ITF ၊ ကျွန်ုပ်တို့၏ အဖွဲ့ဝင် အသင်းအဖွဲ့များ၊ အသင်းဝင်များ၊ အရာရှိများနှင့် ဝန်ထမ်းများတို့ထံမှ ကျွန်ုပ်တို့၏ အပြည်ပြည်ဆိုင်ရာ စည်းလုံးညီညွတ်မှုနှင့် ပံ့ပိုးထောက်ကူပြုမည် ဖြစ်ကြောင်း လက်ဘနွမ် အဖွဲ့ဝင် အသင်းအဖွဲ့များဆီသို့ ကတိကဝတ်ပြုခဲ့ပါသည်။ ITF သည် ကျွန်ုပ်တို့၏ အဖွဲ့ဝင် အသင်းအဖွဲ့များ၊ ၎င်းတို့၏ အသင်းသားများနှင့် ထိခိုက်ခံခဲ့ရသည့် ကျယ်ပြန့်သော လူမှုအသိုင်းအဝိုင်းတို့အား ကူညီပံ့ပိုးပေးရန် တာဝန်ယူပါသည်။

ITF နှင့်တကွ ကမ္ဘာတစ်ဝန်းမှ ကျွန်ုပ်တို့၏ အဖွဲ့ဝင် အသင်းအဖွဲ့ 700 တို့ကိုယ်စား ဤဆိုးရွားသည့် ပေါက်ကွဲမှုကြီးကြောင့် ထိခိုက်ခံရသည့် ထိုသူအားလုံးထံသို့ ကျွန်ုပ်တို့၏ အရိုးသားဆုံး ဝမ်းနည်းကျေကွဲကြောင်းနှင့် ဂရုဏာသက်ကြောင်း သဝဏ်လွှာ ကျွန်ုပ်တို့ ပို့ပါသည်။ ITF နှင့် ကျွန်ုပ်တို့၏ အဖွဲ့ဝင် အသင်းအဖွဲ့များအနေဖြင့် သင်တို့အားလုံး၊ သင်တို့၏ အသင်းဝင်များ၊ ယောင်းရင်းများ၊ မိသားစုများနှင့် လက်ဘနွမ် လူထုတို့နှင့်အတူ ဤမယုံကြည်နိုင်လောက်သော ကျေကွဲရမည့်အချိန်၌ စည်းလုံးညီညွတ်စွာ ကျွန်ုပ်တို့ ရပ်တည်ပါသည်။ ဟု သူတို့က စာရေးသားခဲ့သည်။ ကျွန်ုပ်တို့သည် သင်တို့နှဘေးတွင် ဤဆိုးရွားသည့် ကျေကွဲမှုကို ဝမ်းနည်းယူကြုံးမရ ဖြစ်မိပါသည်၊ မိမိတို့၏ ချစ်ခင်ရသူများအား ဆုံးရှုံးခဲ့ရသည့် မိသားစုများထံသို့ ကျွန်ုပ်တို့၏ အသည်းထက်ဆုံး ဝမ်းနည်းကြောင်း သဝဏ်လွှာပို့သပါသည်၊ ထိခိုက်ဒဏ်ရာရသူများအား အမြန် ကောင်းမွန်လာစေကြောင်း ဆုတောင်း မေတ္တာ ပို့သပါသည်။

လက်ဘနွမ်နိုင်ငံရှိ ITF အဖွဲ့ဝင် အသင်းအဖွဲ့ သမဂ္ဂများတွင် လက်ဘနွမ် ယာဥ်မောင်းသမားများနှင့် သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အထွေထွေ အဖွဲ့ချုပ် (General Confederation of Drivers and Transport Workers in Lebanon (GCDTW))၊ ဘေးရုဒ် ဆိပ်ကမ်း အလုပ်သမားများ သမဂ္ဂ (Union of Beirut Port Employees (UBPE))၊ အရှေ့အလယ်ပိုင်း လေကြောင်းနှင့် အဖွဲ့ဝင် ကုမ္ပဏီများ လုပ်ငန်းအသင်းစု (Syndicate of Middle East Airlines and Affiliate Companies (MEA))၊ လက်ဘနွမ် သင်္ဘောဝန်ထမ်းများ အသင်း (Lebanese Cabin Crew Association (LCCA)) နှင့် လက်ဘနွမ် သင်္ဘောသားများ လုပ်ငန်းအသင်းစု (Lebanese Seamans Syndicate (LSS)) တို့ပါဝင်ပါသည်။
 

ON THE GROUND

news 23 May 2024

Gabon နှင့် Eswatini နိုင်ငံတို့ကို သင်္ဘောအလံငှါးများအဖြစ် စာရင်းသွင်း

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers' Federation (ITF)) သည် နိုင်ငံသစ် နှစ်နိုင်ငံကို ၎င်း၏ရှည်လျားလှသော သင်္ဘောအလံငှါးများ စာရင်းတွင်
news Press Release 21 May 2024

သင်္ဘောနိုင်ငံ၏ ညစ်ပတ်ယုတ်ညံ့သော စီးပွားရေးကြောင့် သင်္ဘောသားများ အနစ်နာခံကြရ

ပင်လယ်နီ၌ ဖြစ်ပွားသောဖြစ်ရပ်များက ‘ အလံငှါး သင်္ဘော ’ ပိုမိုတိုးပွားလာမှုအား အခွင့်သာပေးနေသည့် အန္တရာယ်ကို ပြသလျက်ရှိသည်။ Jacqueline Smith , အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ
news 16 May 2024

သြစတြေးလျနိုင်ငံ နည်းဗျူဟာကျသော သင်္ဘောအုပ်စုသည် သင်္ဘောလုပ်ငန်းအား ကျောထောက်နောက်ခံပြုမည်

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers' Federation (ITF)) သည် အဲလ်ဘနစီ အစိုးရ၏ တတိယအကြိမ် နိုင်ငံ့ ရသုံးခန့်မှန်းခြေ ငွေစာရင်းတွင်