Skip to main content

ITF အဖွဲ့ဝင် သမဂ္ဂများသည် ဂျုံးအက်ဥပဒေ (Jones Act) ၏ နှစ်တစ်ရာပြည့် အခမ်းအနားကို ၂၀၂၀ ခုနှစ် ဇွန်လ ၅ ရက်နေ့၌ ကျင်းပ

news 09 Jun 2020

USA ရှိ ITF အဖွဲ့ဝင် သမဂ္ဂများသည် ထောင်ပေါင်း ရာနှင့်ချီသော သင်္ဘောသားများနှင့်အတူ ဂျုံး အက်ဥပဒေ (Jones Act) ၏ နှစ် ၁၀၀ ပြည့်အခမ်းအနားကို ကျင်းပလျက်ရှိသည်အဆိုပါ ဥပဒေက ပြဌာန်းသည်မှာ ကုန်များကို US ပြည်တွင်း ဆိပ်ကမ်းတစ်ခုမှ အခြား ဆိပ်ကမ်းတစ်ခုသို့ US သင်္ဘောဝန်ထမ်းလုပ်ကိုင်သော၊ ယူအက်စ် အလံတင်ထားသော ယူအက်စ်တွင် ဆောက်လုပ်ပြီး ယူအက်စ်ကပိုင်ဆိုင်သော သင်္ဘောများဖြင့် သယ်ဆောင်ရန် လိုအပ်သည်။

ဂျုံး အက်ဥပဒေသည် ယူအက်စ် ပင်လယ်ရေကြောင်း လုပ်ငန်းကဏ္ဏအတွက် အရေးပါလှပါသည်။ ၎င်းဥပဒေက သေချာစေခဲ့သည်မှာ ယူအက်စ် သင်္ဘောကျင်းများရှိ အလုပ်သမားများနှင့် ယူအက်စ် ပြည်တွင်းကုန်သွယ်ရေးရှိ သင်္ဘောများပေါ် အလုပ်လုပ်ကိုင်လျက်ရှိသော သင်္ဘောသားများကို ဘေးကင်းလုံခြုံပြီး ကောင်းစွာ လခပေးသည့် အလုပ်များတွင် အလုပ်ခန့်ရပါသည်။ 

"ဂျုံးအက်ဥပဒေဟာ အမေရိကန်ပြည်ထောင်စု ပင်လယ်ရေကြောင်း လုပ်ငန်းကဏ္ဏရဲ့ မာန်တိုင် တစ်ခုသာမကဘဲ ကျနော်တို့ နိုင်ငံရဲ့ အမျိုးသားရေး၊ စီးပွားရေးနှင့် နိုင်ငံတွင်း လုံခြုံရေးတွေရဲ့ မာန်တိုင်လည်းဖြစ်ပါတယ်" ဟု သင်္ဘောသားများ အပြည်ပြည်ဆိုင်ရာ သမဂ္ဂ (Seafarers International Union (SIU)) ဥက္ကဌဖြစ်သူ Michael Sacco က ပြောကြားခဲ့သည်။ "အဲဒါဟာ ရေပေါ်မှာရော ကုန်းပေါ်မှာပါ မိသားစု-လုပ်ခရ အလုပ်ရရာ လမ်းတစ်ခုပါဘဲ။ အဲဒါဟာ ကျနော်တို့ရဲ့ နိုင်ငံကို အမျိုးမျိုးနည်းလမ်း အများအပြားနဲ့ ကာကွယ်ပေးပါတယ်။"

ဤဥပဒေကို ပြဌာန်းပြီးကတည်းက၊ ဂျုံးအက်ဥပဒေကို အိမ်ဖြူတော်နှင့် ဥပဒေပြုလွှတ်တော်ရှိ နှစ်ဖက်ပါတီဝင်များ၏ ထောက်ခံမှုကို ရခဲ့သည်။ အမေရိကန်ပြည်ထောင်စု ဥပဒေပြုလွှတ်တော် အမတ်  ဖြစ်ပြီး ကမ်းခြေစောင့်တပ်ဖွဲ့နှင့် ပင်လယ်ရေကြောင်း သယ်ယူပို့ဆောင်ရေးနှင့်ပတ်သက်သည့် ကော်မတီခွဲ ဥက္ကဌဖြစ်သူ Sean Patrick Maloney, D-N.Y.ဆိုသူက ဂျုံးအက်ဥပဒေ နှစ် ၁၀၀ ပြည့်အခမ်းအနားတွင် အောက်ပါ ထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့သည်- 

"ဂျုံးအက်ဥပဒေရဲ့ အခြေခံကျကျ စည်းမျဥ်းများနှင့် အကာအကွယ်ပေးမှုများဟာ အဲဒါတွေကို ဟိုလွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ က ဥပဒေကြမ်းကို အတည်ပြုခဲ့တဲ့အခါမှာလို ယနေ့ မရှိမဖြစ်လိုအပ်ပါတယ်။ ကျနော်တို့တတွေဟာ ပင်လယ်ရေကြောင်း နိုင်ငံရဲ့ အလယ်ဗဟိုမှာရှိပါတယ်။ ယူအက်စ် ကုန်သွယ်ရေးဆိုင်ရာ ပင်လယ်ရေကြောင်းဟာ တစ်ကမ္ဘာလုံးရဲ့ ဘယ်နေရာမှာမဆို အင်အားကို သုံးဖို့အတွက် တိုင်းပြည်ကို အားသာစေပြီးတော့ ပြည်တွင်းမှာ ကျနော်တို့ရဲ့ ရေကြောင်း လုံခြုံရေးကို သေချာစေပါသည်။ ကျနော်တို့အနေနဲ့ ဂျုံးအက်ဥပဒေရဲ့ ကျနော်တို့အတွက် ကာကွယ်ရေးမှာ ကျေနပ်နေလို့ မရနိုင်ပါဘူး၊ အဲဒါဟာ ယူအက်စ် ပင်လယ်ရေကြောင်းနှင့် စစ်ဖက် နည်းဗျူဟာရဲ့ အရေးပါတဲ့ အပိုင်းအဖြစ်ရှိနေပါသေးတယ်။”

ဥက္ကဌ Maloney က ထပ်ဆင့်ပြောကြားခဲ့သည်မှာ "ကျနော်တို့ရဲ့ သမိုင်း တစ်လျှောက်လုံးမှာ စစ်တပ်ဟာ ယူအက်စ် အလံတင် ကုန်သွယ်သင်္ဘောတွေနှင့် အမေရိကန် ပင်လယ်ရေကြောင်းသမားတွေကို လက်နက်များနှင့် ပစ္စည်းများကို သယ်ဆောင်ပေးဖို့နှင့် စစ်သားတွေကို စစ်မြေပြင်သို့ ပို့ဆောင်ပေးဖို့ အားထားခဲ့ရပါတယ်။ ကျနော်တို့တတွေဟာ ဥပဒေ စပြီး သန္ဓေတည် ကတည်းက အခက်အခဲ အမျိုးမျိုးကို ကြုံတွေ့ခဲ့ရသော်လည်း ဂျုံးအက်ဥပဒေက သေချာပေးစေခဲ့တာကတော့ ကုန်သွယ် ပင်လယ်ရေကြောင်းရဲ့ အမျိုးသားတွေနှင့် အမျိုးသမီးတွေဟာ အဲဒါတွေနဲ့ တွေ့ဆုံဖို့ ရှိနေကြပါတယ်။”

အမေရိကန်ပြည်ထောင်စုရှိ ပြည်တွင်း သင်္ဘောသားများအပေါ် ဂျုံးအက်ဥပဒေနှင့် ၎င်း၏ အကာအကွယ်ပေးမှုများနှင့် အကျိုးဖြစ်ထွန်းမှုများကို ITF အဖွဲ့ဝင် ပင်လယ်ရေကြောင်း သမဂ္ဂများက အပြည်ပြည်ဆိုင်ရာအားဖြင့် ချီးမြှောက်ဂုဏ်ပြုကြပါသည်။ ၎င်းသည် အခြားသော နိုင်ငံဆိုင်ရာ သင်္ဘောသားများနှင့် သူတို့၏ သမဂ္ဂများက အောင်မြင်ရန် ကြိုးစားသည့် စံနှုန်းဖြစ်သည်၊ သူတို့၏ နိုင်ငံဆိုင်ရာ ကုန်သွယ်ရေးတွင် ပိုမိုမြင့်မားသော နိုင်ငံလုံးဆိုင်ရာ လုပ်ခများနှင့် အလုပ်လုပ်ကိုင်ရာ အခြေအနေများဖြင့် အလုပ်လုပ်ကိုင်ရန် အခွင့်အရေးနှင့် အခွင့်အလမ်းများကို အကာအကွယ်ပေးသောကြောင့်ဖြစ်ပါသည်။ ဂျုံးအက်ဥပဒေသည် မိမိ၏ အဆိုပါ မြင့်မားသော စံနှုန်းများ ပျိုးထောင်ပေးခြင်းမှ တစ်ဆင့် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးများတွင် တစ်ကမ္ဘာလုံးဆိုင်ရာ လုပ်ခများနှင့် အလုပ်လုပ်ကိုင်ရာ အခြေအနေများကို မြှင့်တင်ပေးရန်ကိုလည်း အထောက်အကူပြုပါသည်။

နှစ်များအတောအတွင်း နိုင်ငံခြား စီးပွားအကျိုးရှင်များက ဂျုံးအက်ဥပဒေကို ဖျက်သိမ်းပစ်ရန် အမြောက်အမြား ကြိုးစားအားထုတ်ခဲ့သော်လည်း ယူအက်စ် သမဂ္ဂများသည် မိမိတို့၏ သင်္ဘောသားများ၊ မိမိတို့၏ ဖက်စပ်သူများနှင့် အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers' Federation (ITF)) တို့၏ ထောက်ခံမှုဖြင့် ဂျုံးအက်ဥပဒေကို တိုက်ခိုက်မှုအားလုံးမှ အသည်းအသန် ကာကွယ်ခဲ့ပါသည်။

ITF ကုန်စည်သယ်ယူပို့ဆောင်ရေး တပ်ဖွဲ့ ဥက္ကဌ နှင့် SIU Canada ၏ ဥက္ကဌဖြစ်သူ James Given က ပြောကြားခဲ့သည်မှာ- "ITF အနေနဲ့ ယူအက်စ် သင်္ဘောသားများနှင့် ၎င်းသူတို့ရဲ့ သမဂ္ဂများကို ဂျုံးအက်ဥပဒေ နှစ် ၁၀၀ ပြည့် အခမ်းအနားမှာ ဂုဏ်ပြုပါတယ်။ ကျနော်တို့ ဂျုံးအက်ဥပဒေအပေါ် နိုင်ငံခြား ကုမ္ပဏီတွေရဲ့ တိုက်ခိုက်မှုကို ကာကွယ်ဖို့ ကျနော်တို့ရဲ့ ညီအစ်မတွေနှင့် ညီအစ်ကိုတွေကို ဆက်လက်ပြီး အပြည့်အဝ ထောက်ခံပါမယ်၊ ဒီနိုင်ငံခြား ကုမ္ပဏီတွေဟာ နိုင်ငံခြား အလံတင် သင်္ဘောတွေကို သုံးချင်ကြတယ်၊ အဲဒါမှ  ခက်ခက်ခဲခဲ တိုက်ပွဲဝင်ပြီး အောင်နိုင်ခဲ့တဲ့ ယူအက်စ် လုပ်ခတွေနှင့် အလုပ်လုပ်ကိုင်ရာ အခြေအနေတွေကို သူတို့တတွေ ထိခိုက်စေနိုင်မှာ ဖြစ်ပါတယ်။”

"သင်္ဘောသားများ၏ အခွင့်အရေးများ အပြည်ပြည်ဆိုင်ရာ ၂၀၁၈ ခုနှစ် (Seafarers' Rights International 2018) လေ့လာမှုက တွေ့ရှိခဲ့တာဟာ နိုင်ငံပေါင်း ၉၀ ကျော်မှာ မိမိတို့ရဲ့ ပင်လယ်ရေကြောင်း လုပ်ငန်းကဏ္ဏကို ကာကွယ်ဖို့ ကုန်စည် သယ်ယူပို့ဆောင်ရေး ဥပဒေ အမျိုးအစား အချို့ ရှိကြသော်လည်း ဂျုံးအက်ဥဒေဟာ ကုန်စည် သယ်ယူပို့ဆောင်ရေး ဥပဒေတွေရဲ့ “အလံသင်္ဘော” အဖြစ် တည်ရှိနေသေးပါတယ်၊ ကမ္ဘာအနှံ့ သင်္ဘောသားများရဲ့ သမဂ္ဂတွေဟာ ပြည်တွင်း ကုန်သွယ်ရေးမှာရှိတဲ့ ပြည်တွင်းသင်္ဘောသားတွေအတွက် ပြည်တွင်းအခြေအနေတွေဟာ အလံအငှါးတင် သင်္ဘောတွေကြောင့် ယိုယွင်းပျက်စီးမသွားဖို့ သေချာစေအောင် အတူတကွ ရပ်တည်ပေးကြပါတယ်။ သင်္ဘောသားတွေနှင့် ပင်လယ်ရေကြောင်း လုပ်ငန်းကဏ္ဏအတွက် စံနှုန်းတွေကို ဆက်လက် မြှင့်တင်ပေးကြပါစို့၊" ဟု Given က ဆက်လက် ပြောကြားခဲ့ပါသည်။

ယူအက်စ် ပင်လယ်ရေကြောင်း အလုပ်သမားအတွက် ပြန်လည်အမှတ်ရမည့်နေ့နှင့် အောင်ပွဲခံကျင်းပသည့် ဤနေ့ရက်တွင် ITF သည် မိမိ၏ ယူအက်စ် အဖွဲ့ဝင်များ၏ ကြိုးကြိုးစားစားလုပ်ခဲ့သည့်အလုပ်နှင့် အလုပ်အပေါ်နှစ်မြှုပ်ထားမှုအား ချီးကြူးလိုက်ပါသည်၊ သူတို့သည် ဤအရေးကြီးသည့် အက်ဥပဒေကို ထိန်းသိမ်းထားရန် အင်တိုက်အားတိုက် ခုခံခဲ့ကြပြီး ရရှိသည့် အကျိုးဆက် အားလုံးမှာ ယူအက်စ်နှင့် အပြည်ပြည်ဆိုင်ရာ နှစ်မျိုးလုံးတစ်လျှောက်ရှိ အလုပ်လုပ်ကိုင်သော အမျိုးသားများနှင့် အမျိုးသမီးများအတွက် ဖြစ်ကြပါသည်။

Post new comment

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.

ON THE GROUND

news 23 May 2024

Gabon နှင့် Eswatini နိုင်ငံတို့ကို သင်္ဘောအလံငှါးများအဖြစ် စာရင်းသွင်း

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers' Federation (ITF)) သည် နိုင်ငံသစ် နှစ်နိုင်ငံကို ၎င်း၏ရှည်လျားလှသော သင်္ဘောအလံငှါးများ စာရင်းတွင်
news Press Release 21 May 2024

သင်္ဘောနိုင်ငံ၏ ညစ်ပတ်ယုတ်ညံ့သော စီးပွားရေးကြောင့် သင်္ဘောသားများ အနစ်နာခံကြရ

ပင်လယ်နီ၌ ဖြစ်ပွားသောဖြစ်ရပ်များက ‘ အလံငှါး သင်္ဘော ’ ပိုမိုတိုးပွားလာမှုအား အခွင့်သာပေးနေသည့် အန္တရာယ်ကို ပြသလျက်ရှိသည်။ Jacqueline Smith , အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ
news 16 May 2024

သြစတြေးလျနိုင်ငံ နည်းဗျူဟာကျသော သင်္ဘောအုပ်စုသည် သင်္ဘောလုပ်ငန်းအား ကျောထောက်နောက်ခံပြုမည်

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers' Federation (ITF)) သည် အဲလ်ဘနစီ အစိုးရ၏ တတိယအကြိမ် နိုင်ငံ့ ရသုံးခန့်မှန်းခြေ ငွေစာရင်းတွင်